2024 Global Korea Scholarship (GKS) ဘွဲ့လွန်အစီအစဉ် ပညာသင်ဆုရ ကျောင်းသား/သူများအတွက် Orientation အခမ်းအနားကို ဩဂုတ်လ 20 ရက် (အင်္ဂါနေ့) ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
သံအမတ်ကြီး Mr. Kang Kym-Gu မှ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပြင်းထန်သော ပြိုင်ဆိုင်မှုများကြားမှ ကိုရီးယားအစိုးရ
ပညာသင်ဆုအတွက် ရွေးချယ်ခံရသော ကျောင်းသား/သူများကို ဂုဏ်ပြုပါကြောင်း၊ ယဉ်ကျေးမှုအသစ် ပတ်ဝန်းကျင်အသစ်တွင်
နေထိုင်ရင်း သင်ယူမှု အတွေ့အကြုံများဖြင့် ပိုမို တိုးတက် အောင်မြင်လာရန် မျှော်လင့်ကြောင်း ၊ GKS ပညာတော်သင်များ၏
ကိုရီးယားအတွေ့အကြုံနှင့် ဗဟုသုတများသည် မြန်မာနှင့် ကိုရီးယားကြား ဆက်ဆံရေး ပိုမို ခိုင်မာကောင်းမွန်လာစေရေးအတွက်
ကောင်းမွန်တဲ့ အရင်းအမြစ်များဖြစ်လာမည် ဖြစ်ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး မြှင့်တင်ရာတွင်လည်း အရေးပါသော
အခန်းကဏ္ဍ ဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခုပွဲတွင် ကိုရီးယား၌ ပညာသင်ယူပြီးမြောက်ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိနေသော GKS စီနီယာများလည်း တက်ရောက်လာသဖြင့်
စီနီယာများထံမှ အကြံဉာဏ်များရယူကာ အဓိပ္ပါယ်ရှိသောအချိန်ဖြစ်မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
2024 ခုနှစ် GKS ဘွဲ့လွန်ပညာသင်ဆုအတွက် မြန်မာနိုင်ငံမှ ကျောင်းသား/သူ စုစုပေါင်း 99 ဦးကို ရွေးချယ်ခဲ့ပြီး ယင်းသည် မနှစ်ကထက်
50% တိုးမြင့်လာခြင်းဖြစ်သည်။ မြန်မာကျောင်းသားများ၏ ပညာရေးအပေါ် စိတ်အားထက်သန်မှု၊ ကိုရီးယားဘာသာစကားကျွမ်းကျင်မှုနှင့်
စိတ်အားထက်သန်စွာ သင်ယူမှုများသည် ယခုကဲ့သို့ အောင်မြင်မှု၏ နောက်ခံအကြောင်းတရားများ ဖြစ်မည်ဟု ထင်မြင်မိပါသည်။
ထို့အပြင် GKS ကျောင်းသားဟောင်းများအဖွဲ့မှ အဖွဲ့ဝင် 15 ဦးလည်း ပါဝင်တက်ရောက်ခဲ့ကြပြီး ကိုရီးယား နေထိုင်မှုနှင့် ပတ်သက်သော
အကြံဉာဏ်များ၊ ပညာသင်ယူရေးဆိုင်ရာ ရည်မှန်းချက်နှင့် ပတ်သက်သော အကြောင်းအရာများကို တက်ကြွစွာ ပြောဆိုဆွေးနွေးခဲ့ကြပါသည်။